လူတိုင်း လူတိုင်း လှပသော နှလုံးသားများ ရှိကြပါစေ

My photo
ကမ္ဘာပေါ်မှာရှိသော လူတိုင်းလူတိုင်း မွန်မြတ်သော စိတ်ထားများ ထားနိုင်ကြပါစေ ဖြူစင်သော နှလုံးသားများ ရှိကြပါစေ

Thursday, December 13, 2018

ကူရာမဲ့ နှလုံးသား


ဥတ္တရအလင်းတန်းရဲ့ ရင်ခွင်မှာ
လမ်းပျောက်တဲ့ ည
ကြက်ခြေခတ်ကို ခလုတ်တိုက်မိတာတောင်
မုသားတွေကြားမှာ လမ်းမှားနေမှန်းမသိ
အလွမ်းရနံ့တွေ လောင်ကျွမ်းကာမှ
နှလုံးသားမှာ ဖိနပ်မပါမှန်း ကြည့်မိတယ်

ဝီစကီတစ်ခွက်နဲ့ အိပ်မက်ကို
အဆိပ်ဖြေဖို့ ကြိုးစားကြည့်တော့
ရစ်သမ်မညီတဲ့တေးသွားတွေက
ဖျားနာနေတဲ့ နုတ်ဖျားက အန်ကျခဲ့

အလွမ်းနာကျနေတဲ့ ကော်ဖီခွက် က
စိတ္တဇမနက်ခင်းကို ပွေ့ဖက်လိုက်တော့
အသက်ငင်နေတဲ့ ဆောင်းမျက်နှာပေါ်
လက်ကျန်နှင်းမှုန်တွေ ပြိုဆင်းလာတယ်

ယိမ်းနွဲ့ပါး ရဲ့ ရင်ခွင်မှာ
အပိုင်းပိုင်းပြတ်ခဲ့ရတဲ့နှလုံးသားနဲ့
စုန်းကိုက်ခံရတဲ့ ဝိဉာည်တစ်ကောင်
ဘယ်ချောင်မှာ ခိုဝင်ရမှာလဲ ။

          လူကလေး
          ( 12.12.2018 )

No comments:

Post a Comment