လူတိုင်း လူတိုင်း လှပသော နှလုံးသားများ ရှိကြပါစေ

My photo
ကမ္ဘာပေါ်မှာရှိသော လူတိုင်းလူတိုင်း မွန်မြတ်သော စိတ်ထားများ ထားနိုင်ကြပါစေ ဖြူစင်သော နှလုံးသားများ ရှိကြပါစေ

Sunday, April 30, 2017

ငါ

 ပတ်ဝန်းကျင်နှင့် ငါ

**********

မကောင်းပြောလျှင်၊ ပတ်ဝန်းကျင်ကို

ငြိုငြင်သူမှာ ငါပါတည်း။


ငါ၏ အကြောင်း

အကောင်းပြောလျှင်၊ ပတ်ဝန်းကျင်ကို

ခင်မင်သူမှာ ငါပါတည်း။


ငါ့ကို ကြည့်ကာ

ငါ၏ အကြောင်း၊ ဆိုး အကောင်းကို

စောင့်မျှော် ပြောကြ၊ ဝေဘန်ကြ၍

ငါ့ကို ငါလျှင်၊ တွေးဆင်ခြင်သော်

ပတ်ဝန်းကျင် မမှား၊ ငါသာ မှား၏။


ငါ မကောင်းလျှင်

မကောင်းသမျှ၊ ပြစ်ဆိုကြ၍

ငါက ကောင်းလျှင်

ငါ ကောင်းသမျှ၊ ချီးမွမ်းကြ၏။


ငါ ဝန်းကျင်ကို၊ အပြစ်ဆို၍

အရင်လိုပင်၊ မငြိုငြင်တော့။


ငါ့ အကြောင်းကို

အကောင်းချည်းသာ၊ ကြားလိုပါလျှင်

ငါ ကောင်းဖို့သာ၊ လိုပါတကား….။

လှဒေဝီ

ကရုဏာမဲ့သည့် လှဒေဝီ

********

ချပ်ဝတ်ကယ် မှိန်ညိုနှင့် အလို..ရှင်သူရဲငယ်

စိတ်ထဲ ဘယ်ဝန်ပိုလို့
တကိုယ်တော် ဖြူရော်နွမ်း၊

ခြေလှမ်းရာ လူပါလို့

ယောင်ချာချာလှည့်သတုန်း။


ကန်တဝိုက်

မြက်သိုက်ပင် သေကာညှိုးလို့

ငှက်တွေ ဘယ်ဆီရောက်တယ်
တေးပျောက်ဆိတ်သုဉ်း။


ချပ်ဝတ်ကယ် မှိန်ညိုနှင့် အို..ရှင်သူရဲငယ်

စိတ်ထဲ ဘယ်ဝန်ပိုလို့
မျက်နှာအို ကြုံလှီပန်း

ငြိုငြင်ငြင် ပူပုံသမ်းလို့

နွမ်းနေရသတုန်း။


ရှဥ့်ကလေး စပါးကျီ

ပြည့်လေပြီ အစာမောက်
ကောက်သိမ်းရက်ဆုံး။


သင့်နှဖူးက နှင်းပန်းမှာ

ဝေဒနာ မှုန်ဝေ့လို့
အဖျားငွေ့ နှင်းပေါက်ခို

ဘယ်လိုတဲ့ အရေး။


သင့်ပါးပေါ်က နှင်းဆီနီ

ညှိုးရှာပြီ သွေ့သွေ့ခန်းတယ်
နွမ်းမြန်လှလေး။


မြက်ခင်းလှ စားကျက်မြေ၊

ကြုံတွေ့ပေ နတ်ရင်သွေးငဲ့
အလှရေးပြည့်စုံညီ

ဒေဝီတဲ့ ရှုမရဲ။


ရှည်သွယ်ပေ့ သူ့ကေဆံ

သူ့ခြေတံ တင့်တယ်လွန်း
တောက်ရွှန်းကြည် ဟန်မဖုံးတယ်

မျက်လုံးက ရွဲ။


သူ့ခေါင်းမှာ ဆင်ကာမြန်းဖို့

ပန်းကုံးကို ငါသီ

လက်ဆီမှာ ပန်းလက်ဝတ်
ပန်းခါးပတ် မွှေးကြိုင်စွာ

ဆက်ပါရ သူ့အား။
ငါ့ကိုကွယ် ချစ်သလိုငေးလို့

တိုးတိုးလေး ညင်သာစွာ
ချိုသာသာ ညည်သံရှိုက်

ကြားလိုက်ရ နား။


ပွေ့ကာတဲ့ သူ့ကိုတင်

မြင်းကြော့တွင် နေရာချလို့

လှမ်းရုံမျှ ညင်သာသာ
နှင်လာခဲ့သည်တွင်း။


တနေ့လုံး ပတ်ကုံးတဲ့ ဝန်းကျင်၊

မမြင်ပါ သူ့သာငေးမိ
တစောင်းလေး သူ့ကိုယ်နေ

ငါ့ဘက်လေ လှည့်ခွေရစ်လို့
ချစ်တေး သူဆိုဖွဲ့တယ်

နတ်ရဲ့သီချင်း။


သစ်မြစ်စုံ ချိုမြိန်လှ

သဘာဝ ပျားသကာ

နတ်သုဒ္ဓါ နှင်းရည်ပေါက်
စားသောက်ဖို့ ငါ့တွက်တာ

သူရှာလို့ကျွေး။


ပြီးတော့မှသာ

သေအချာ ဘာသာဆန်းနှင့်

လွမ်းဖွယ်ငဲ့ သူဆို
မောင့်ကိုလေ မေတ္တာစစ်နှင့်

ချစ်မိပါလေး တဲ့။


နတ်သူငယ် ရုက္ခစိုး

လိုဏ်မျိုးကွယ် သူ့ဂူတွင်းသို့

ခေါ်သွင်းပြီးမှ ရှိုက်ကာငို

လှိုက်ဖိုစွ ကြေကွဲ။


ဂူတွင်းမှာပေါ့

ချစ်ဝင်းရည် စို့ကာလက်သည့်

မျက်ရွဲတွေ စင်းပျော်မှိတ်အောင်
မိတ်ရလေ နမ်းပွင့်မွှေးနှင့်

လေးကြိမ်မျှပဲ။


ဂူတွင်းမှာပဲကွယ်

ကျူညင်းသာ သူလျင်သိပ်တော့

မှေးမှိတ်လို့ ပျော်ဆဲတွင်
အိပ်မက်မြင်နောက်ဆုံး။


ချမ်းလို့သာ အေးဘိတယ်

နံဘေးတောင်စွယ်၌
အိပ်မက်နယ် မြင်သမျှကြောင့်

သောကမှောင်ဖုံး။


ငါမြင်သည် ဘုရင်များ

မင်းသားနှင့်ရဲကျော်တွေ

ဖြူယော်ကွဲ့ အကုန်လုံး။


သွေးဆုတ်သည့်အသွင်

သေမင်းငင်နယ်က

အသံကျယ် ဟစ်အော်ပြကြ
ကရုဏာမဲ့သည့် လှဒေဝီ

ကျွန်ပြုပြီ မင်းကို ဖမ်းပေါ့
လွတ်လမ်းပျောက်ဆုံး…တဲ့။


ငါမြင်သည် မှောင်ရီဖျ၌

ငတ်ကြသည့် နှုတ်ခမ်းတွေ
အစွမ်းကုန် ဖြဲကာဟ

ကြောက်စရာ့ သတိသံ

ပေးဟန်က သိမ့်ဟည်း။


လန့် အနိုးမှာလ

တောင်ရိုးစွယ် သည်နံဘေး
ချမ်းအေးကာ ဆိတ်လို့ သုဉ်းတယ်

ဘုန်းမောင့် ကိုယ်တည်း။


သနစ်ရယ် ပူမီးကြောင့်

ခရီးယာယီပိုရ

တကိုယ်တော် ဖြူယော်နွမ်း
ခြေလှမ်းရာ လူပါလို့

ယောင်ချာချာ လှည့်ကာသွား။


ကန်တဝိုက်

မြက်သိုက်ပင် သေကာညှိုးလို့

ငှက်မျိုးတွေ ဘယ်ဆီရောက်
တေးပျောက်ကာ ဆိတ်လို့သုဉ်းပေမယ့်

ဘုန်းမမှုအား။

တက္ကသိုလ်ဘုန်းနိုင်

(ရှားလော့ဒေဝီနှင့် ဘာသာပြန်ကဗျာများ)

(တက္ကသိုလ်ဘုန်းနိုင်)

Saturday, April 29, 2017

(လွမ်းသူများအတွက်)
လွမ်းစ‌ပွေ လွမ်း‌လေ‌တော့
လွမ်း‌ခွေ‌ပျော့ ညှိုးမှိုင်‌
လွမ်း‌ငွေ‌ဖော့ တိုးလှိုင်‌တယ်‌
လွမ်းအိုးဒိုင်‌ ‌ပေါက်‌ကွဲ။
လွမ်းတ‌ဖေ့
လွမ်း၍‌နေတယ်‌
လွမ်း‌လေ့‌လေ့
လွမ်းရအမြဲ။

လွမ်းတတ
လွမ်းရရှာ
လွမ်းကသာ လွန်‌ကဲ။

လွမ်းကြွကာ ချွန်‌သဲ၍
လွမ်းစွန်‌ပွဲ ပြိုင်‌ကာ
လွမ်းညှိုး‌ပွေ
လွမ်း‌ဝေလျက်‌
လွမ်း‌ခွေလျက်‌
လွမ်းရခါခါ။

လွမ်းအတွက်‌‌ကြောင့်‌
လွမ်းခက်‌ဖြာတယ်‌
လွမ်းစက်‌ပါ‌ပျော်‌ပဲမို့
လွမ်း‌သော်‌လည်း
လွမ်း‌ပြေ‌ပေါင်‌၊
လွမ်းစ‌တွေ‌ထောင်‌။
လွမ်းမီးက
လွမ်းပြီး‌လောင်‌တယ်‌
လွမ်းသည်း‌ခေါင်‌ ကျွမ်းလု‌ပေါ့‌လေး။

(ဆောင်းပါး တပုဒ်ထဲက ကဗျာလေး၊ ရေးသူ နာမည် မေ့နေသတဲ့) 

ကြိတ်ပိုးးးးး

 ကြိတ်ပိုး ဘွဲ့

*****

တိတ်တိတ်ခိုး
ကြိတ်ပိုးပါလို့ အချိန်ကုန်။

ဟိုင်းဇာတာ ပါလာရော့ထင့်
ရေးခွင့်မကြုံ။


စာလွှာများမှာတော့
မပါးဖြစ်လို့ အပုံအပုံ
ကြုံပါရ သည်ကံမျိုး။


ခုတိုင်အောင်
ရည်းစားဆို ချိုထောင်ထောင်နှင့်
ဟိုအကောင် ဘဲဥလားရယ်လို့
မှားထင်ရဲ့ ဗျိုး။


(မင်းသုဝဏ်)

(၂၆၊ ၉၊ ၁၉၂၇)

လွမ်းသူများအတွက်

(လွမ်းသူများအတွက်)
 
လွမ်းစ‌ပွေ လွမ်း‌လေ‌တော့
လွမ်း‌ခွေ‌ပျော့ ညှိုးမှိုင်‌
လွမ်း‌ငွေ‌ဖော့ တိုးလှိုင်‌တယ်‌
လွမ်းအိုးဒိုင်‌ ‌ပေါက်‌ကွဲ။
လွမ်းတ‌ဖေ့
လွမ်း၍‌နေတယ်‌
လွမ်း‌လေ့‌လေ့
လွမ်းရအမြဲ။

လွမ်းတတ
လွမ်းရရှာ
လွမ်းကသာ လွန်‌ကဲ။

လွမ်းကြွကာ ချွန်‌သဲ၍
လွမ်းစွန်‌ပွဲ ပြိုင်‌ကာ
လွမ်းညှိုး‌ပွေ
လွမ်း‌ဝေလျက်‌
လွမ်း‌ခွေလျက်‌
လွမ်းရခါခါ။

လွမ်းအတွက်‌‌ကြောင့်‌
လွမ်းခက်‌ဖြာတယ်‌
လွမ်းစက်‌ပါ‌ပျော်‌ပဲမို့
လွမ်း‌သော်‌လည်း
လွမ်း‌ပြေ‌ပေါင်‌၊
လွမ်းစ‌တွေ‌ထောင်‌။
လွမ်းမီးက
လွမ်းပြီး‌လောင်‌တယ်‌
လွမ်းသည်း‌ခေါင်‌ ကျွမ်းလု‌ပေါ့‌လေး။

(ဆောင်းပါး တပုဒ်ထဲက ကဗျာလေး၊ ရေးသူ နာမည် မေ့နေသတဲ့) 

Thursday, April 27, 2017

ဝေးဝေးကပဲလွမ်းနေမယ်

ဝေးဝေးကသာ..လွမ်းပါမည်

မ....
အခြေအနေမပေးလို့...
အနေဝေး...
ဒီတစ်ခါလည်း....
ကျွန်တော်..ဆွေးရဦးမယ်....။

မတွေ့ရ..မနေနိုင်....
မ..မျက်နှာကိုသာ..ထိုင်ထိုင်ကြည့်ချင်တာမို့....
တစ်စက္ကန့်ဆိုတာ....
တစ်ကမ္ဘာမက..ကြာလွန်းတယ်......။

ရာဇ၀င်မှာ......
တောင်ငူဘုရင်..နတ်သျှင်နောင်က....
ဘုရားတိုင် ရတုတွေရေး......
သူ့..မမ..ဓါတုကလျာကို....
ဆွေး.ပြခဲ့သေးတယ်နော်..........။

ကျွန်တော်ကတော့....
မ..ကို....လွမ်းတဲ့အကြောင်း.....
ရင်ထဲက..ခံစားချက်တွေ..စုပေါင်းလို့....
ကဗျာအဖြစ်သီကုံး.....
ပုလဲတစ်လုံး...ရွဲတစ်လုံးပေါ့..........။

ကျွန်တော်မရှိတဲ့အခါ....
မ...ပျော်နေမှာသိပေမယ့်.....
အလုပ်တွေ..နှောင့်နှေး...
မ...အဆင်မပြေမှာ...
တွေး...ပူမိသေးတယ်.............။

မ..နှုတ်ဖျားက..စကားသံ...
ကျွန်တော့်နားမှာ...ကြားချင်ပြန်တာကြောင့်....
စိတ်ကူးနဲ့ရူး.....
အိပ်မက်တွေလဲ...မက်ဖူးပြီ.........။

ကောင်းကင်နဲ့မြေကြီး....
ဘယ်လိုမှ..မနီးနိုင်တာသိပေမယ့်.........
ကောင်းကင်ကို..မော်ဖူး.....
မြေပြင်ကနေ...ကြည်နူးနေမှာပါ.........။

အချစ်ကလွဲရင်....
ကျန်တာတွေအကုန်မွဲ.....
မ..ကို...ပေးစရာ.....
ကဗျာတွေပဲ..ရှိတာမို့......
ချစ်တာတွေ..စာစီကုံး....
ဝေးဝေးမှာပဲ...ပုန်းနေမယ်...............။

ချာတိတ်လေးတစ်ယောက်အကြောင်း

ချာတိတ်ကလေး တစ်ယောက် အကြောင်း…

(၁)
ကျွန်တော်ဟာ 'မမ' ရဲ့ နွားကလေးတစ်ကောင်ပေါ့
နှစ် ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။

(၂)
အဝေးပြေးလမ်းမကြီး တစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော် အိမ်ကို ဘယ်လို ပြန်ရမှာလဲ

(၃)
ငယ်ငယ်တုန်းက အတန်းထဲမှာ
လက်လှဲပြိုင်ရင်
အနိုင်ရချင်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ
ကျွန်တော်ပေါ့။
အခုတော့
နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
ထိုးထည့်ထားလိုက်တော့တယ်

(၄)
အလွမ်းကို ဂြိုဟ်စားကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။

(၅)
ကျွန်တော့်ကို အပြစ်မတင်လိုက်ကြပါနဲ့ဗျာ
မမြင်ဖူးတဲ့ လူ အတွက်တော့
'မူး' ကိုလည်း 'မြစ်' လို့ ထင်ခွင့်ရှိတာမဟုတ်လား။ ။

Wednesday, April 26, 2017

မမ

အွန်လိုင်းလွင်ပြင်ပေါ်မ

တွေ့ဆုံခွင့်ရခဲ့တဲ့  မ

တစ်ဆင့်တစ်ဆင့်နဲ့

ရင်ကျက်တဲ့ ခင်မင်မှုတွေက

အပြင်လောကထိ

နွေးထွေးခဲ့ပြိ  မ   ရယ်

သာယာတဲ့ စီးဆင်းသံဟာ

ဖုန်းထဲကအသံတွေကြောင့်လားး

ဒါမှမဟုက်

နှလုံးသားခြင်း ဆက်နွယ်နေလို့လား

ရေတွက်မရတဲ့ ရင်ခုန်သံတိုင်းမှာ

ချိုမြန်မဲ့ နေရက်တွေက

ဖန်ဆင်းရှင်မလိုဘူး မ

လက်တွေဆန်တဲ့ ကိုယ်ထင်ပြမှု

တစ်ဥိးနဲ့တစ်ဥိးရှိခဲ့ရင်

ဒီ ခရီး နီးနီးလေးပါ မ  ရယ်

တစ်ခုတော့ရှိတယ်ဆိုရင်လည်း

ခါးသီးတဲ့ သစ်သီး ဖြစ်ပါစေ

တစ်ယောက် တစ်ခြမ်း စားကြတာပေါ့။





အလွမ်းတွေကိုတောင့်တခြင်းး

အလွမ်းတွေကို တောင်းတခြင်း

အိပ်မရလိုထိုင်

ငါမှိုင်တွေငေးမော

စိတ်မပါတော့တဲ့

မနက်ဖြန်

ငါ့အချစ်တွေက

သူ့တွက်ရှင်သန်နေဆဲ ……

အလွမ်းစိတ်က

ညညအိပ်မရအောင်

ချောက်လှန့်တဲ့တစ္ဆေ ……

အလွမ်းတွေကိုပွေ့ဖတ်

အလင်းစက်က

အခန်းထဲကိုဖြာကျ

ဒီလိုနဲ့မိုးလင်းခဲ့ပေါ့တစ်နေ့ ……

ငါအသက်ရှင်သ၍

မနက်ဖြန်တွေကိုတောင်းတ

အလွမ်းတွေကို

ပွေ့ပိုက်ရင်းနဲ့ငါ့ဘဝ

ဘယ်အချိန်မှာခ၀ါချနိုင်မလဲ ……

တေမိမိုးးးးး

တေမိမိုး - မောင်လှမျိုး(ချင်းချောင်းခြံ)
~~~~~~~~~~~~~~~~~

ငိုလို့မရတဲ့ လူတစ်​​ယောက်​ရဲ့
ရင်​ထဲမှာ ဝမ်းနည်းစရာ​တွေ
ကုန်​ခမ်းသွားပြီ လို့
မင်း ထင်​ရက်​သလား ။

ငါသာ ​ကောင်းကင်​ကြီးတစ်​ခုဖြစ်​ခဲ့ရင်
မိုး​ရေစက်​​တွေ..ရွာချလိုက်​ချင်​ပါရဲ့..
ကြည့်​စမ်းပါဦး
မင်းကိုဆုံးရှုံးရ​တော့မယ်​..ဆိုတဲ့
အသိစိတ်​က.ရင်​မချိ​အောင်​..ခံစားလိုက်​ရပုံများ
ဘာစကားမှ..​ပြောမထွက်​​တော့ဘူး..​လေ
သစ်​ရွက်​ တစ်​ရွက်​ ဖြစ်​ခဲ့ရင်
ငါ​ ကြွေပြလိုက်​ချင်​တယ်​ ။

အိပ်​မက်​ထဲမှာ​ ​တွေ့ဖို့မဆိုထားနဲ့..
အိပ်​​ပျော်​​အောင်​ မနည်းကြိုးစား​နေရတဲ့ ..
ငါ့ရဲ့ည​တွေ မင်းကခုန်​ဖို့အတွက်​..
အမြဲ နိုးထ​နေပါတယ်​ ။

မင်းကို နှုတ်​ဆက်​လက်​ပြဖို့အတွက်​..
ငါရဲ့လက်​​တွေ..​လေးလံ​နေသလို..
မင်းရဲ့ ​ကျောပြင်​​လေးကို ​ငေးကြည့်​ကျန်​ရစ်​ဖို့အတွက်
ငါ့မျက်​လုံး​တွေ..​ဝေဝါး​နေခဲ့ပြီ ။

အဲဒါ..မျက်​ရည်​​တွေလား...
ဘာမှမ​ပြောဘဲ ခံစား​နေရတာခြင်းအတူတူ..
ကောင်းကင်​ကြီးကမှ
လွတ်​လပ်​စွာ ရွာချခွင့်​ရပါ​သေးရဲ့ ။ ။
         
မောင်​လှမျိုး(ချင်း​ချောင်းခြံ)

မမ

မမ
*****

ဝေးပြီးတဲ့  နောက် ,

နှင်းပွင့် ဖြူ ဖွေး
ဆောင်းအေးအေးနဲ့
မိုးစက်မှုန်ဖွေး
လေပြည်အေးမှာ
မမ, နွေးထွေးပါစေတည်း ။

နွေနေပူထဲ
မောဟိုက် ပင်ပန်း
ကိုယ်,စိတ်နွမ်းလည်း ၊
သုံးရာသီလွှမ်း
ကျွန်တော့်အလွမ်းကြောင့်
မမ
အေးချမ်းပါစေ သတည်း ။     ။

မောင်လှမျိုး(ချင်းချောင်းခြံ)

သူငယ်ချင်း

သူငယ်ချင်း

သွေးသားမတော် မသိသော်လည်း
ဘ၀တစ်ကွေ့ ဆုံတွေ့သောခါ
ဖြူစင်မေတ္တာ အနစ်နာနှင့်
နွံတာခံကာ ခင်မင်ခဲ့ကြ
ဤဘ၀၀ယ်
နောက်ပြောင်ကျီစား စတတ်ငြားလည်း
အပြုံးမပျက် မေတ္တာဖက်၍
ခွင့်လွှတ်သည်းခံ ခိုက်ရန်မပြု
နားလည်မှုဖြင့်
သာတူနာအမျှ နေထိုင်ကြသည်
ကောင်းတူဆိုးဖက် စိတ်မကွက်ဘဲ
တီးတိုးတိုင်ပင် ချစ်ခင်ရင်းနှီး
စည်းလုံးပြီးလျှင်
ခင်မင်ခြင်းသာ တိုးပွားလာ၍
စိတ်ဝယ်တသ မေ့မရပြီ
ချစ်ခင်ရသော သူငယ်ချင်းများ…..

Friday, April 21, 2017

လွမ်းးးးး

လွမ်း

မ.....
မိုင်များစွာဝေး...
မြင်တွေ့ခွင့်လေးတောင်..မပေးလို့....
အချိန်တိုင်းဆွေး...
ကျွန်တော့်ရင်မှာ....
နာကျင်မိသေးတယ်.....။

ဝေးနေရတဲ့အခါ...
ကမ္ဘာဟာ..ပူလောင်ကျွမ်း...
ရင်ထဲမှာ...
စမ်းရေတွေလဲ ခန်းပေါ့.....။

အလွမ်းဖြေစရာ...
ကဗျာတွေ..ရေးမိတော့လည်း...
အတိတ်ကာလ...
မ...အနားမှာ ပျော်ရွှင်ခဲ့ရတာတွေကို.....
ပြန်လည်တမ်းတ...
ကျွန်တော့်မှာ...
ပိုလို့သာလွမ်းရပါတယ်......။

မ..အပြုံးတွေကို အလွတ်ကျက်....
အိပ်မက်တွေ..မက်ခဲ့ဖူးတာမို့....
မတွေ့ရတဲ့အခါ...
မနက်ခင်းတိုင်းဟာ...အသက်မဲ့....
ဝမ်းနည်းမှုတွေနဲ့လေ.......။

မ..အနားမှာ....
အခါမလပ်...စက္ကန့်မခြား....
အမြဲနေသွားချင်သူမို့....
ကံကြမ္မာလှည့်စား...
အခုလို...တမြေစီ ခြားနေတဲ့အခါ.....

တမ်းတလို့....ယူဆောင်..
မ...ပုံရိပ်တွေကို...
မှန်းဆလို့...မြင်ယောင်တာမို့.....
ဝေးခဲ့တဲ့ ရက်တွေကို...လက်ရေချိုး.....
ပြက္ခဒိန်လေးတောင်..စိတ်တွေ ဆိုးနေပြီ.......။

မ..အသံကြားမှ...
ဘ၀င်မှာ ငြိမ်းချမ်း....
စိတ်မှာ လန်းဆန်းရတာမို့.....
တစ်နေ့တစ်ကြိမ် မပျက်မကွက်....
မ..ဆီကို....
ဖုန်းဆက်ပါရစေနော်.........။

လေလှိုင်းကြားက
မ...ရဲ့.....
ချိုသာတဲ့ စကားလေးတွေကို.....
အမြဲ..နားထောင်....
အိပ်မက်ထဲတောင်..ကြားယောင်တာကိုလေ.....

မ..မယုံရင်မေးကြည့်...
ကျွန်တော်..ဆက်နေကျ...
တယ်လီဖုန်းလေး...သိပါတယ်.......................။

Tuesday, April 4, 2017

ဆန္ဒတစ်စုံ

နွေရာသီကပြောတယ် သူက
လူသားတွေကို
သာယာခြောက်သွေ့စေချင်တဲ့
ဆန္ဒနဲ့ နေရောင်ခြည်တွေကို
ထွန်းလင်းတောက်ပ ပေးတာပါတဲ့ ။ ။
မိုးရာသီကပြောတယ် သူက
လူသားတွေကို
သန့်ရှင်းစေချင်တဲ့
ဆန္ဒနဲ့ မိုးရေတွေကို
ရွာသွန်းပေးတာပါတဲ့ ။ ။
ဆောင်းရာသီကပြောတယ် သူက
လူသားတွေကို
အေးမြစေချင်တဲ့
ဆန္ဒနဲ့ ဖြူလွှလွှငွေနှင်းမှုန်တွေကို
ပက်ဖြန်းပေးတာပါတဲ့ ။ ။
ကျွန်တော့်နှလုံးသားလေးကပြောတယ်
(-------------------------)တဲ့

          < လူကလေး >