လူတိုင်း လူတိုင်း လှပသော နှလုံးသားများ ရှိကြပါစေ

My photo
ကမ္ဘာပေါ်မှာရှိသော လူတိုင်းလူတိုင်း မွန်မြတ်သော စိတ်ထားများ ထားနိုင်ကြပါစေ ဖြူစင်သော နှလုံးသားများ ရှိကြပါစေ

Saturday, August 12, 2017

ခေါက်ရိုးကျိုးအလွမ်း

ဒေါက်   ဒေါက်   ဒေါက် ……

အချိန်မှန်ရောက်လာတဲ့
နေမင်းကြီးတံခါးခေါက်နေပြီ ။

တံခါးခေါက်သံရဲ့အဆုံးမှာ
အလွမ်းတွေကြားထဲကလူးလဲထ
အရူးတမျှအသိစိတ်မဲ့နေတဲ့ ဒီခန္ဓာ ။

အလွမ်းနဲ့ သွားတိုက်
အလွမ်းနဲ့ မျက်နှာသစ်
အလွမ်းနဲ့ နံနက်စာစားပြီး

နေ့ရက်တစ်ခုကို အလွမ်းနဲ့ နုတ်ဆက်ပွေ့ဖက်လိုက်တယ် ။

မိုးပဲစွေစွေ
နှင်းပဲဝေဝေ
လေပဲပွေပွေ
အလွမ်းတွေကခြေရာမပျောက် ။

နေတစ်စင်းနဲ့လမင်း
သူတို့ချင်း ဂျူတီ ချိန်းလို့သာ ညရောက်လာတယ်
ငါ့ခန္ဓာက အဟောင်းသံသရာထဲက ရုန်းမထွက်နိုင်ခဲ့ ။

ဒီလိုနဲ့နောက်တစ်ရက်ဆက်
ခေါက်ရိုးကျိုးနေ့ရက်တွေနဲ့
နာရီတွေက ဟားတိုက်
ပြက္ခဒိန်တစ်ရွက်က ငါ့ကို လှောင်ရယ်ရင်း
လာမယ့်နှစ်ပြန်တွေ့ကျတာပေါ့ တဲ့ ။   ။    ။

          လူကလေး
          26.7.2017

No comments:

Post a Comment