လူတိုင်း လူတိုင်း လှပသော နှလုံးသားများ ရှိကြပါစေ

My photo
ကမ္ဘာပေါ်မှာရှိသော လူတိုင်းလူတိုင်း မွန်မြတ်သော စိတ်ထားများ ထားနိုင်ကြပါစေ ဖြူစင်သော နှလုံးသားများ ရှိကြပါစေ

Friday, June 16, 2017

ညီမငယ်များသို့

အို...ညီမငယ်
ဝိဇာတဟု
ရောက်ထ နေ့ဝယ်
ဆိုဖွယ်စကား
ကျွန်ုပ်ပြောကြားမည်
နောင် များတစ် ရာ
နှစ် ရှည်ကြာအောင်
ရှည်ကြာကာလ တည်စေကွယ်....။
အို...ညီမငယ်
ထိုမှတစ်ဖန်
ဆိုရပြန်မူ
တစ်အူတုံဆင်း
ညီမရင်းသို့
မယွင်းထားကာ
ပမာပြုပြီး
ကိုကြီးဆိုမည်
ဖူးတံငုံစီ
ပန်းဝတ် ရည်ကို
စုတ်ချီသောက်သုံး
ပျားပိတုန်းတို့
စုရုံးလို့သာ
ပန်းနားလာလိမ့်
ထားချိမ့်သတိ မြဲစေကွယ်...။
အို...ညီမငယ်
ထိုမှတစ်ဖန်
ဆိုရပြန်သော်
လောကဓံမည်ငြား
ထိုတရားလည်း
နေ့လားညလား
ချိန်းထားတစိ
မြဲမရှိဘူး
ရောက် ရှိခါဝယ်
အားငယ်ဝမ်းသာ
မဖြစ်ပါပဲ
မျှော်ကာရည်မှန်း
ဘဝလမ်းကို
လျှောက်လှမ်းပန်းတိုင်ရောက်အောင် ကွယ်...။

ရာဇဖွား

1 comment:

  1. ညျီမငယ်တွေဖတ်ဖြစ်လားမသိပေမဲ့ အန်တီတော့ဖတ်ခဲ့တယ်

    ReplyDelete